Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဒီဇင်ဘာလ စတုထ္ထပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုထ္ထပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀)ကျပ်၊ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးအသေး/အကြီးအမျိုးအစားအလိုက် တစ်ပိဿာလျှင် (၃၅၀၀/၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အကြီး/ အသေးပေါ်တူတည်ပြီး (၁၅၀၀/၁၃၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် (၁၆၀၀) ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်  (၁၈၀၀/၁၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၈၀၀/၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၁၅၀) ကျပ်မှ (၃၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စီးလျှင်(၂၀၀/၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရ ပါသည် ။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၃၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါး ဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

       ဒီဇင်ဘာလ စတုထ္ထပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် အသားငါးဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိနေပြီး အသီးအရွက်ဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်လျော့ကျလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)