စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာလ တတိယပတ်တွင်လည်း စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)