Main menu

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသ ဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင် ရောက်လျက်ရှိပါသည်။

          ပခုက္ကူဒေသတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများမှာ ယခင် နိုဝင်ဘာလ(တတိယပတ်)ထက် ဈေးနှုန်းအနည်းငယ်တက်လာသည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀မှ ၁၃၅၀၀၀) ၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀) ရှိပါသည်။ ဧည့်မထ ဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ်(၉၃၅၀၀)၊ အောင်သုခဆန်  တစ်အိတ်လျှင် ကျပ်(၉၃၅၀၀)၊ လိပ်မလေးဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ်(၈၉၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၆၀၀၀)၊ ရက်(၉၀)ဆန် တတိယတန်းစား တစ်အိတ်လျှင် ကျပ် (၇၈၀၀၀)၊ ရက်(၉၀)ဆန် ဒုတိယတန်းစားတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ နေလ ဧရာပဒေသာ ဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘို ပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်း မွန်ပြီး ဒီဇင်ဘာလ(တတိယပတ်)တွင် တစ်အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)