Main menu

ဘားအံမြို့ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

         ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဒီဇင်ဘာလ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး(သေး) တစ်လုံးလျှင် (၂၀၀၀) ကျပ် နဂါးမောက်သီး(ကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ စပျစ်သီး (အလုံးသေး) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ စပျစ်သီးအစေ့လွတ် တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ် ပန်းသီး(ရုံးရုံး) တစ်လုံးလျှင် (၇၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၁၇၀၀ မှ ၂၀၀၀)ကျပ်၊ ကြွေသစ်တော်သီး တစ်လုံးလျှင် (၂၅၀၀) ကျပ်၊  လိမ္မော်သီး(ကြီး)တစ်ပိဿာလျှင်  (၃၅၀၀)ကျပ်၊ မာလကာသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဆန်းကစ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ သီးမွှေးငှက်ပျော တစ်ဖီးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ ထောပတ်သီး(ကြီး)တစ်လုံးလျှင် (၁၅၀၀)ကျပ် ထောပတ်သီး(လတ်)တစ်လုံးလျှင် (၁၀၀၀)ကျပ် ထောပတ်သီး(သေး)တစ်လုံးလျှင် (၅၀၀)ကျပ် ဖရဲသီး(ကြီး)တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဖရဲသီး(သေး)တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ် ကျွဲကောသီး(သေး) တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ကျွဲကောသီး(ကြီး) တစ်လုံးလျှင် (၂၅၀၀)ကျပ် ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေး တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(ကရင်)