Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၂၀)ရက်နေ့မှ ဒီဇင်ဘာလ(၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၅၀၀ မှ ၂၈၀၀ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၉၀၀ မှ ၅၄၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၈၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၁၁၀၀၀ မှ ၁၄၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၈၀၀ မှ ၄၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၃၅၀၀ မှ ၁၀၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကား ဈေးကြီး အတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၇၉၃၇၅၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၁၇၇၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၃၄၂၅)ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း (၅၁၅၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၇၁၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၉၉၃၇) ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၉၃၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၃၀၆၃၃)ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA (YGN)