Main menu

ကံမမြို့၊ တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများတွင်ထွက်ရှိသည့် သီးနှံများအနက် ပဲတီစိမ်းသီးနှံထွက်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ ယခုဒီဇင်ဘာလ(တတိယပတ်)တွင်  ပဲတီစိမ်းသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ် (၉၀၀၀၀မှ ၈၇၀၀၀)ဖြင့် ယခင်အပတ်ထက် ကျပ်(၂၂၅၀)ဈေးနှုန်းမြင့်တက်၍  (၁)နေ့လျှင် အိတ်(၂၀မှ ၃၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကိုင်းမတ်ပဲသီးနှံမှာလည်း လှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ဒီဇင်ဘာလ(တတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၃၈၇၅၀မှ ၁၄၀၂၅၀)ဖြင့် ယခင်အပတ်ထက် ကျပ်(၁၅၀၀မှ ၃၀၀၀)ဈေးနှုန်းမြင့်တက်၍ တစ်နေ့လျှင် အိတ်ရေ(၈၀မှ ၁၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲခူးတိုင်း၊ ပြည်မြို့သို့ နေ့စဉ် တင်ပို့ရောင်းချရကြောင်း ကံမမြို့ရှိ ကုန်သည်ဦးတင်မျိုးလှိုင်ထံမှသိရပါသည်။

DOCA(မကွေး)