Main menu

ကံမမြို့၊ မြို့မဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့်ကုန်ပစ္စည်းခြောက်များကို ပြည်မြို့နှင့် ကြက်သွန်နီကိုမူ သရက်မြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    (၁၃-၁၂-၂၀၂၃) ရက်နေ့မှ (၂၀-၁၂-၂၀၂၃)ရက်နေ့အတွင်း ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၇၀၀)၊ Lotus တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ကြက်သား (CP)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၀၀) ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ယခင်အပတ်ထက် ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၄၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၅၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၅၀၀၀)၊  ကြက်သွန်ဖြူတစ်အိတ်လျှင် ကျပ်(၁၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၁၀၀)ဖြင့် အသီးသီးဈေးနှုန်းမြင့်ပြီး နှမ်းဆီနှင့်ပဲဆီမှာ ကျပ်(၁၀၀၀)အကျဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)