Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးအတွင်းရောင်းချနေသော သစ်သီးဝလံဈေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် သစ်သီးဝလံများကို မင်းဘူးမြို့၊ မကွေးမြို့၊ ပွင့်ဖြူမြို့၊ မန္တလေးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် အခြားမြို့များမှ မှာယူ၍ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္တပတ်)တွင် ဇေယျာသီရိဈေး၌ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများမှာ သခွားမွှေးသီး(၁)လုံးလျှင် ကျပ်(၅၀၀၀)၊ ပန်းသီး(၁)လုံးလျှင် ကျပ်(အကြီး၊ အလတ်၊ အသေး) ပေါ်မူတည်၍ ကျပ်(၃၀၀၀-၂၅၀၀-၈၀၀)၊ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပျားလိ မ္မော် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ မာလကာသီး(၁)လုံးလျှင် ကျပ်(၁၀၀၀)၊ တည်သီး(၁)လုံးလျှင် ကျပ်(၂၅၀၀)၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၂၅၀၀)၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် ကျပ် (၂၈၀၀၀)၊ စပျစ်သီး(အလုံးသေး)(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ် (၃၅၀၀-၃၈၀၀)၊ ငှက်ပျောသီး(ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၀၀၀)၊ အုန်းသီး(အခွံချွတ်) (၁)လုံးလျှင် ကျပ်(၁၅၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိ သစ်သီးရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)