Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချနေသော ငါးပိ၊ ငါးခြောက်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ငါးပိ၊ ငါးခြောက် များကို မင်းဘူးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္တပတ်)တွင် ရောင်းချနေသော ငါးခြောက်ဈေးနှုန်းများမှာ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀၀)၊ ငါး ရံခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးအုံး ခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးခုံမငါးပိကောင် (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးဘတ် ခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ငါးပုတ်သင်ခြောက် (၁)ပိဿာလျှင်  ကျပ်(၂၅၀၀၀)၊ ငါးနီတူ ခြောက် (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ပလာတူးငါးခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ရွှေငါးလေးငါးခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် အကောင်(အကြီး၊ အလတ်၊ အသေး) ပေါ်မူတည်၍ ကျပ်(၉၀၀၀၀-၈၀၀၀၀-၇၀၀၀၀)၊ ငါးပိ (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၆၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ငါးပိ၊ ငါးခြောက်ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)