Main menu

ဆိပ်ဖြူကြက်သွန်နီ၏ ဒီဇင်ဘာလ(တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ပင်စိုက်(နွေကြက်သွန်နီ) ရာသီကုန်ဆုံးချိန်ဖြစ်၍  ကြက်သွန်နီကုန်စည်ဒိုင်သို့ ကုန်ချိန်ပိဿာအဝင်လျော့နည်းသွားကြောင်း၊ ဆိပ်ဖြူဒေသစိုက်ခင်းများမှာ ကြက်သွန်နီ(အသစ်)များတူးဖော်ခြင်းမရှိသေးသော်လည်း စလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ လာရောက်ရောင်းချ၍ ကုန်စည်ဒိုင်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလ (တတိယပတ်)တွင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ (အဟောင်း)ပိဿာ(၄)သောင်း၊ မိုးကြက်သွန်နီ(ဥ)စိုက် (အသစ်)ပိဿာ(၆)သောင်းခန့် တစ်ပတ်အတွင်း စုစုပေါင်းကုန်ချိန်ပိဿာ(၁)သိန်းခန့်ဝင်ရောက်ကြောင်း၊ ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုအနေဖြင့် ကြက်သွန်နီပိဿာ(၁)သိန်းခွဲခန့်စီးဆင်းကြောင်း ဈေးကွက်မှသိရှိရသည်။

    ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် ဒီဇင်ဘာလ(တတိယပတ်)အတွင်း ကြက်သွန်နီ (အဟောင်း)  ထိပ်စအမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၂၅၀မှ ၃၈၀၀)၊ အလတ်စ ကျပ်(၃၂၀၀မှ ၃၁၅၀) အသေးစ ကျပ်(၂၇၅၀မှ ၂၈၀၀) အရောင်းအဝယ်ဖြစ်နေပြီး မိုးကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၂၂၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နွေကြက်သွန်နီ (အဟောင်း)မှာ ယခုtပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီ(အသစ်)မှာ ကုန်ချိန်အဝင်နည်းသေးကြောင်း၊ ဇန်နဝါရီလတွင် ဒေသတွင်းစိုက်ခင်းများ၌ လှိုင်လှိုင်တူးဖော်၍ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်းသိရှိရပါသည်။

        ဒီဇင်ဘာလ(တတိယပတ်)တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင် (ကုန်စည်ဒိုင်)သို့ ကုန်ချိန်အများဆုံးစီးဆင်းကြောင်း၊ ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ (၁)သိန်းခွဲခန့်၊ တန်ချိန်(၂၄၅)တန်ခန့်စီးဆင်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)