Main menu

အိန္ဒိယနှင့်ထိုင်းမှ ဆန်များဝယ်ယူတင်သွင်းနိုင်မည်ဟု အင်ဒိုနီးရှားအစိုးရပြောကြား

Powered by Drupal

  အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်ရောင်းလိုအားအပိုင်း မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံမှ ဆန်တင်သွင်းမှုဆိုင်ရာ ကတိပြုချက်များကို ရယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   နိုင်ငံ၏စားနပ်ရိက္ခာဝယ်ယူရေး အေဂျင်စီတစ်ခုဖြစ်သည့် Bulog သည် အိန္ဒိယမှ ဆန် မက်ထရစ်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန်အတွက် ကနဦးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံမှလည်း ဆန်တန်ချိန် ၂ သန်း တင်သွင်းရန်အတွက် ကတိကဝတ် ပြုထားကြောင်း၊ အင်ဒိုနီးရှား၏ ခေါင်းကြီးပိုင်း ငွေကြေးဖောင်းပွမှုမှာ နိမ့်ကျမှုရှိသော်လည်း စားသောက်ကုန်ဈေးနှုန်းများနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ သွင်းကုန်တင်သွင်းခြင်းက ရောင်းလိုအားအပိုင်းကို စိတ်ချရစေမည်ဖြစ်ကြောင်း၊ ယခုနှစ် စူပါအယ်လ်နီညိုဖြစ်စဉ်က ပြည်တွင်း ဆန်ထုတ်လုပ်မှုကို ကျဆင်းစေပြီး ၂၀၂၄ ခုနှစ်တွင် ပုံမှန်အဆင့်သို့ ပြန်လည်ရောက်နိုင်မှုမရှိသေးဟု ခန့်မှန်းထားပါကြောင်းဖြင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၂၂-၁၂-၂၀၂၃ ရက်နေ့၊ ဂျကာတာမြို့၌ ကျင်းပသော စီးပွားရေးဆိုင်ရာ ရှုမြင်သုံးသပ်မှု ဆွေးနွေးပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

   သမ္မတဂျိုကိုဝီ၏ ပြောဆိုချက်အရ လွန်ခဲ့သော သီတင်းပတ်အတွင်း ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သော ဂျပန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်းဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Srettha Thavisin နှင့် တွေ့ဆုံစဉ် ထိုင်းနိုင်ငံထံမှ ဆန်တင်သွင်းရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Source: Bangkok Post, 22 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)