Main menu

ထွက်ပေါ်စပြုနေပြီဖြစ်သော မြင်းခြံမိုးကြက်သွန်နီ

Powered by Drupal

      မြင်းခြံခရိုင်တွင် မိုးကြက်သွန်နီကို နှစ်စဉ် ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလ၊ ဇန္နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။

     မြင်းခြံခရိုင်တွင် ယခင်နှစ်တွင် မိုးကြက်သွန်နီစိုက်ပျိုးနိုင်ခဲ့မှုအနေဖြင့် (၁၆၃၃)ဧကစိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်မိုးကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် (၁၇၉၄)ဧကစိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် (၁၆၁)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းပြီးစီးမှုနှင့် အထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် (၈၃၇)ဧကစိုက်ပျိုးခဲ့ပြီး၊ ယခုဒီဇင်ဘာလ တတိယပတ်အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၃၄၀)ဧကရိတ်သိမ်းပြီးစီးခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀)ပိဿာဖြင့် ပိဿာချိန်ပေါင်း (၇၁၄၀၀၀)ပိဿာ၊ တောင်သာမြို့နယ်တွင် (၂၉၅)ဧကစိုက်ပျိုးခဲ့ပြီး လက်ရှိရိတ်သိမ်းပြီးစီးမှုမှာ (၁၀၀)ဧကရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀)ပိဿာဖြင့် ပိဿာချိန်ပေါင်း (၂၁၀၀၀၀)ပိဿာ၊ နွားထိုးကြီးမြို့နယ်တွင် (၆၆၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၂၃၀)ဧကရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀)ပိဿာဖြင့် ပိဿာချိန်ပေါင်း (၄၈၃၀၀၀)ပိဿာထွက်ရှိခဲ့ကြောင်းနှင့်ကျန်ရှိသောစိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်းသိရှိရပါသည်။

       မြင်းခြံဒေသ၏ မိုးကြက်သွန်နီများမှာ ယခုဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိရာ အသေးစတစ်ပိဿာလျှင် (၇၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၇၀၀)ကျပ်မှ (၂၂၀၀)ကျပ်နှင့် အကြီးစတစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၅၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတတိယအပတ်တွင် အသေးစတစ်ပိဿာလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၂၂၀၀)ကျပ်နှင့် အကြီးစတစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၇၀၀)ကျပ်တို့ရှိ၍ ယခင်အပတ်ထက် အကြီးစတစ်ပိဿာလျှင် (၁၀၀)ကျပ်မှ (၂၀၀)ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)