စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။
ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ အာမို (ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)