Main menu

ဘားအံမြို့ပေါ်ရှိ ထောပတ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှ စ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးများသို့  ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ အောင်ပန်းစသည့် တောင်ပေါ်ဒေသများမှ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလစတုတ္တပတ်တွင် ထောပတ်သီးစျေးနှုန်းမှာ ဒေသသီး(၁)ကီလိုလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် နိုင်ငံခြားမျိုး (Hass)သီး (၁)ကီလို လျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ထောပတ်သီးတွင် ဗီတာမင် K၊ ဗီတာမင်C၊ ဗီတာမင် B5၊ ဗီတာမင် B6၊ ဗီတာမင် E တို့ အပြင် အခြားဗီတာမင်ဓါတ်တွေလည်းများစွာပါဝင်ပါသည်။ ထောပတ်သီးစားသုံးခြင်းဖြင့်  အဆီကျစေခြင်း၊ ခုခံအားကို တိုးမြှင့်ပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ကို လျော့ချစေခြင်း၊ ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်း၊ ဆံသားနှင့်အရေပြားကို ကျန်းမာစေခြင်း၊ သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ အစောချေစနစ်အတွက် အထောက်အကူပြုခြင်း၊ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး ဝမ်းမှန်စေခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိပါသည်။ ယခုအခါတွင် ထောပတ်သီးကို စားသုံးခြင်းအပြင် အရေပြားနှင့် အလှအပရေးရာများတွင်လည်း ထည့်သွင်း အသုံးပြုကြကြောင်း  လေ့လာသိရှိရပါသည်။

DOCA(ကရင်)