Main menu

အထက်မင်းလှမြို့၊ ကိုင်းကွင်း၌ ပဲကြီးစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ မြေပဲ၊ ဝါ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲလွန်း၊ ပြောင်း စသည့်သီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

       အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၆)ရပ်ကွက်၊ ကိုင်းကွင်း၌ ပဲကြီးကို ဧက (၁၀၀) ကျော်စိုက်ပျိုးထားကြောင်း၊ ပဲကြီးစိုက်တောင်သူမှာ (၆၀)ဦးခန့်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲ၍ စိုက်ပျိုးမှုလည်းရှိသည့်အပြင် လက်ဖြင့်ကြဲပက်၍လည်းစိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ပဲကြီး(၃)ဧကခွဲစိုက်ပျိုးထားကြောင်း၊ ယခင်နှစ်တွင် ပဲကြီးစိုက်ခင်းမှထွက်ရှိသည့် ပဲတောင့်ကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် ပဲကြီးမျိုး(၃)ပြည်ခွဲခန့်အသုံးပြုရကြောင်း၊ ပဲကြီးမှာ ရေသွင်းစရာမလိုဘဲ မြေအစိုဓာတ်ဖြင့်စိုက်ပျိုးရသော သီးနှံဖြစ်ပါကြောင်း၊ ပဲကြီးကို တော်သလင်းလတွင်စတင်စိုက်ပျိုးပြီး နတ်တော်လတွင် အပွင့်ဝင်အသီးလိုက်ကာ တပို့တွဲလနှင့်တပေါင်းလတွင် ခူးဆွတ်ရကြောင်း၊ ပဲကြီးသီးနှံမှာ ပိုးကြိုက်သောသီးနှံဖြစ်၍ စိုက်ပျိုးချိန်တစ်လျှောက် ပိုးသတ်ဆေး (၄)ကြိမ်မှ (၅)ကြိမ်အတွင်း ပက်ဖြန်းပေးရကြောင်း၊ စိုက်ပျိုးနေစဉ်ကာလတွင် မိုးအုံ့မှုများရုတ်တရက်ဖြစ်ပေါ် ခဲ့လျှင် ပဲကြီးပင်မှာ ပျပိုးကျခြင်း၊ သီးလုံးဖောက်ပိုးကျခြင်းများဖြစ်နိုင်၍ အထွက်နှုန်းမှာ လျော့နည်းတတ်ါကြောင်း၊ ယခင်နှစ်တွင် (၁)ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ် (၂၀၀၀၀၀)ကုန်ကျပြီး ယခုနှစ်တွင် လုပ်အားခမှာ ဈေးနှုန်းမြင့်မားလာမှုနှင့်အတူ မြေထွန်ယက်ခနှင့်အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀၀၀)ထိကုန်ကျကြောင်း၊ ယခင်နှစ်တွင် အထွက်နှုန်းမှာ (၁)ဧကလျှင် (၆)တင်းထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကျပ်(၉၅၀၀၀)ဈေးရရှိခဲ့ကြောင်း၊ ထွက်ရှိသောပဲကြီးများကို အထက်မင်းလှမြို့ရှိ ပွဲရုံများတွင် ရောင်းချကြောင်း၊ ယခုနှစ်တွင်မူ အထွက်နှုန်းအနေဖြင့် မသိရှိရသေးကြောင်း အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၆)ရပ်ကွက်‌နေ ပဲကြီးစိုက်တောင်သူတစ်ဦးဖြစ်သည့်  ဦးဌေးမြင့်ထံမှသိရှိရပါသည်။

DOCA(မကွေး)