Main menu

ဈေးကောင်းရနေသော ပြည်တမာချဉ်ဈေးကွက်

Powered by Drupal

    ပြည်ဈေးကွက်တွင် အရသာခါးသက်မှုရှိသော တမာရွက်ကို တမာချဉ်များအဖြစ် အချဉ်ဖောက်ထားကာ ဈေးကောင်းရလျက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဒေသအနီးရှိ ကျေးရွာများနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ဖိုးဦးတောင်၊ ညောင်ပင်သာ၊ မကျီးစုရွာများမှ ၁၀ရက်ခြားတစ်ခါ ဝင်ရောက်မှုရှိပြီး တစ်ခါဝင်လျှင် တမာချဉ်အစည်း (၁၈၀-၂၀၀) ခန့် ပြည်ဈေးကွက်သို့ဝင်ရောက်မှုရှိနေပါသည်။ တမာရွက်နုနုကို ရေနွေးကျိုက်ကျိုက်ဆူ၌ နွမ်းသွားရုံနှစ်ကာ ဆယ်၍ အေးအောင်ထားကာ ကြိုပြီးသားဆီးသီးရည်ထဲတွင် ဆားငန်ငန်ခတ်ပြီးသည့်နောက်တွင် တမာရွက်နုနုအစည်းများကို အိုးသန့်သန့်ထဲသို့ ဝင်အောင်ထည့်၍ ကြပ်ကြပ်ဖိသိပ်ထားပြီး အပေါ်မှ ဆားကို မနည်းမများဖြူးကာ ဖက်လုံလုံဖြင့်ပိတ်ထား၍ အချဉ်တည်ရပါမည်။ တချို့မှာ မန်ကျည်းမှည့်ဖြင့်ပြုတ်၍လည်း အချဉ်တည်စားသုံးကြောင်းသိရပါသည်။ တမာချဉ်ကို ခရမ်းချဉ်သီးငါးပိချက်၊ ငါးငါးပိရည်ကျို ငရုတ်သီးစပ်စပ်ဟင်းများနှင့်တွဲကာ တို့စရာအဖြစ် တွဲဖက်စားသောက်ကြပါသည်။ ပြည်တမာချဉ်များကို ပြည်မြို့ပေါ်ရှိ ဈေးများအပြင် ရန်ကုန်ဈေးကွက်သို့လည်းတင်ပို့ပြီး ဈေးနှုန်းမှာ တမာချဉ်တစ်စည်းလျှင် (၅၀၀-၆၀၀-၇၀၀) ကျပ်နှုန်းများဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)