Main menu

ပြည်မြို့နယ်ရှိ ဆက်လက်မြင့်တက်လာသော ဆန်စပါးဈေးနှုန်း

Powered by Drupal

   မိုးစပါးအသစ်ဈေးအနေဖြင့် ကရင်မစပါးဈေးနှုန်းမှာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၇၀၀၀၀၀ကျပ်သာရှိခဲ့ပြီး ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၈၅၀၀၀၀ကျပ်၊ ကရင်မဆန်ဈေးနှုန်းမှာမူ ၆၀၀၀၀ကျပ်မှ (၆၈၀၀၀-၇၀၀၀၀) ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး မှော်ဘီစပါးဈေးမှာ စပါးကောင်းသည့်အတွက် ဈေးကောင်းရနေပါသည်။ ယခင်တွင် မှော်ဘီစပါးဈေးနှုန်းမှာ ၁၉၀၀၀၀၀ကျပ်၊ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ၁၉၃၀၀၀၀ကျပ်နှင့် မှော်ဘီဆန်တစ်အိတ်လျှင် ၆၉၀၀၀ကျပ်မှာ ဆန်အသစ်ဈေးနှုန်းဖြစ်ပါသည်။

    ဧည့်မထအုပ်စုစပါးဈေးနှုန်းများမှာ အရောင်းအဝယ်မရှိတော့ဘဲ ယခုအခါတွင် စပါးကြီး (ခေါ်)  သက်ရင့်စပါးများဖြစ်သည့် မှော်ဘီ၊ ကရင်မစပါးများသာ အရောင်းအဝယ်ရှိနေပါသည်။ ဈေးကွက်အတွင်း၌ ဆန်အသစ်များသာအရောင်းအဝယ်ရှိနေပြီး  ဆန်သစ်ဆင်းသွယ်တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ ရတနာတိုးတစ်အိတ်လျှင် ၆၇၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ ရိုးနီရှယ်တစ်အိတ်လျှင် ၉၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်ရှိနေပြီး ဆန်ကွဲကြီး Extra တစ်အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲ 2.3.4 တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင် ၄၉၀၀၀ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် ၂၆၀ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိနေပါသည်။

    ပေါ်ဆန်းဆန်ဈေးနှုန်းမှာ ပုသိမ်ပေါ်ဆန်းဆန်အသစ်တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ရှိနေပြီး ဈေးကွက်အတွင်းရောင်းချနေသော ပေါ်ဆန်းဆန်များမှာ ပြည်ခရိုင်အတွင်း အနည်းငယ်သာစိုက်ပျိုးကြသည့် ပေါ်ဆန်းဆန်များပင်ဖြစ်ပါသည်။

   ပြည်မှရန်ကုန်သို့ ဆန်တင်ပို့ရောင်းချမှုမှာ ရက်သတ္တပတ်(၇)ရက်အတွင်း အိတ်၁၄၀၀ခန့်တင်ပို့ရောင်းချမှုရှိပြီး တောင်သူများနေဖြင့် ယခု (၂၀၂၃-၂၀၂၄) ခုနှစ်တွင် တစ်ဧကလျှင် ၇၅၀၀၀၀ကျပ်သာကုန်ကျသည့်အတွက် စပါးဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အကျိုးအမြတ်များပိုမိုရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)