Main menu

သံလွင်အရှေ့ခြမ်းဒေသ၏ ကာလတူ ကုန်သွယ်မှု နှိုင်းယှဉ်ချက်

Powered by Drupal

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် တရုတ်နိုင်ငံ-ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းနီးစပ်သည့် မြို့ဖြစ်သည်နှင့်အညီ ကုန်သွယ်မှုအနေဖြင့်လည်း ပို့ကုန်/သွင်းကုန် ကုန်စည်ကူးသန်းရောင်းဝယ်မှု စည်ကားသောမြို့လေးတစ်မြို့ ဖြစ်ပါသည်။ သို့သော်လည်း ၂၀၂၀ခုနှစ် ဇန်နဝါရီလပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (တတိယအပတ်)ထိပြုလုပ်နိုင်ခြင်မရှိသေးပါ။

          ထိုင်းနိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုအနေဖြင့် ကျိုင်းတုံ-တာချီလိတ်မှတဆင့် တရားဝင် ပို့ကုန်/သွင်းကုန် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုလုပ်ရာတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ အထိ တာချီလိတ်မြို့၊ မယ်ယန်းကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏမှာ သန်းပေါင်း (၁၀.၆၁၃)သန်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပို့ကုန်ပမာဏမှာ သန်းပေါင်း(၀.၅၄) သန်းဖြစ်သည့်အတွက် နှစ်အလိုက်ကာလတူ နှိုင်းယှဉ်ချက်အရ သန်းပေါင်း(၁၀.၀၇၃)သန်း လျော့နည်းသွားပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ တာချီလိတ်မြို့မယ်ယန်းကုန်သွယ်ရေးစခန်း၏ သွင်းကုန်ပမာဏမှာ သန်းပေါင်း(၁.၀၂၃)သန်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်း၏ သွင်းကုန်ပမာဏမှာ သန်းပေါင်း (၁.၁၇၄)သန်း ဖြစ်သည့်အတွက် နှစ်အလိုက် ကာလတူနှိုင်းယှဉ်ချက်မှာ သန်းပေါင်း (၀.၁၅၁)သန်း ပိုမိုတိုးလာကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံသို့ တာချီလိတ်ချစ်ကြည်ရေးတံတာ(၂)မှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပို့ကုန်ပမာဏမှာ သန်းပေါင်း (၀.၁၂၁)သန်းဖြစ်ပြီး၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပို့ကုန် ပမာဏမှာသန်းပေါင်း(၀.၀၄)သန်းဖြစ်သည့်အတွက် နှစ်အလိုက်ကာလတူနှိုင်းယှဉ်ချက်အရ သန်းပေါင်း (၀.၀၈၁)သန်း လျော့နည်းသွားပြီး၊ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သွင်းကုန်ပမာဏမှာ သန်းပေါင်း(၀.၆၀၅)သန်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သွင်းကုန်ပမာဏမှာ သန်းပေါင်း (၁.၁၄၄)သန်း ဖြစ်သည့်အတွက် နှစ်အလိုက်ကာလတူနှိုင်းယှဉ်ချက်မှာ သန်းပေါင်း (၀.၅၃၉)သန်း ပိုမိုတိုးလာကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏ ပိုမိုများပြားနေကြောင်း တွေ့ရှိရပါသည်။ ပို့ကုန်အနေဖြင့်  မိမိတို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကုန်ပစ္စည်းများ ထားသိုနိုင်သည့်နေရာ၊ အဆောက်အဦ (သို့မဟုတ်) ကုန်စည်ဒိုင်၊ နည်းပညာနှင့် ပညာရှင် နည်းပါးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါအခြေအနေကြောင့် ကုန်ပစ္စည်းများအား ကန့်သက်ချက်၊ တားမြစ်ချက်များကြောင့် ပို့ကုန်ပမာဏလျော့နည်းရခြင်း ဖြစ်နိုင်ပါသည်။ သွင်းကုန် အနေဖြင့် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ မှာယူသုံးစွဲရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်သော်လည်းကောင်း၊ သယ်ယူစရိတ်ကြောင့်သော်လည်း ကောင်း၊ လုပ်အားခကြောင့်သော်လည်းကောင်း၊ ဝယ်ယူရသည့် တန်ဖိုးနှင့်နယ်နမိတ်ချင်း ထိစပ်နေ သည့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်များ ဝယ်ယူသုံးစွဲရာတွင် အချိန်အနည်းငယ်နှင့် လိုအပ်သော ကုန်ပစ္စည်းများ ရရှိသဖြင့် သွင်းကုန်ပမာဏ ပိုမိုများပြားမှုဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက်-တန်ဖိုး-မေရိကန်ဒေါ်လာသန်းပေါင်း)