Main menu

ပေါက်ခေါင်းမြို့နယ်၊ သမန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီစိုက်ပျိုးသူများ အကျိုးအမြတ်ရလျက်ရှိ

Powered by Drupal

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများကိုစိုက်ပျိုးထားလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်းသိရပါသည်။ ပန်းဂေါ်ဖီများကို စိုက်ပျိုးထားသော သဖန်းချိုကျေးရွာရှိ တောင်သူ ဦးဌေးဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်များကိုသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

      တောင်သူမှာ ပန်းဂေါ်ဖီစိုက်ဧက (၀.၂၅)ဧကရှိပြီး စိုက်ပျိုးအပင်ပေါင်းမှာ (၂၂၀၀)ခန့်စိုက်ပျိုးထားကြောင်းသိရပါသည်။ (၀.၂၅)ဧကအတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၁၃၀၅၀၀) ကျပ်ကုန်ကျပြီး ယခုဒီဇင်ဘာလတွင် ပန်းဂေါ်ဖီများစတင်ထွက်ရှိကြောင်းသိရပါသည်။ အပွင့်ထွက်ရှိမှုမှာ (၀.၂၅)ဧကတွင် အပွင့်ရေ(၂၀၀၀)ခန့်ထွက်ရှိပြီး ထွက်ရှိလာသော ပန်းဂေါ်ဖီများကို တစ်ပွင့် လျှင်(၄၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါက်ခေါင်းမြို့မှထွက်ရှိသော ပန်းဂေါ်ဖီများကို ပြည်၊ ပေါင်းတလည်ဈေးကွက်သို့ တင်ပို့ရောင်းချသည့်အပြင် ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူအနေဖြင့် (၀.၂၅)ဧကအတွက် ဝင်ငွေပေါင်း (၈၀၀၀၀၀) ကျပ်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၆၆၉၅၀၀)ကျပ်ရရှိကြောင်းသိရပါသည်။

       ထို့ကြောင့် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာသီချိန်တွင် အကျိုးအမြတ်များစွာရရှိသဖြင့်ဧကများစွာစိုက်ပျိုးလျှင် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)