Main menu

ပြည်မြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ကြက်သွန်နီ (အသစ်) အသေး/ အချောပေါ်မူတည်ပြီး အသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ အချောတစ်ပိဿာလျှင် ကျပ် (၃၀၀၀မှ ၃၃၀၀)ထိ၊ ငရုတ်သီး ခြောက် (ရှည်) တစ်ပိဿာလျှင် ကျပ်၁၆၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ်၃၆၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ်၆၀၀၀၊ စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် ကျပ်၁၄၀၀၀၊ နှမ်းဦးဆီတစ်ပိဿာလျှင် ကျပ်၁၃၅၀၀၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်၅၅၀၀၊ အင်းမ (ရဲဘော်ရိုးရိုး) တစ်တင်းဝင်တစ်အိတ်လျှင် ကျပ်၆၈၀၀၀၊ အင်းမစူပါ (မိုးသစ်) တစ်တင်းဝင်တစ်အိတ်လျှင် ကျပ်၆၇၀၀၀၊ ကရင်မဆန် (မိုးသစ်) တစ်တင်းဝင်တစ်အိတ်လျှင် ကျပ်၆၇၀၀၀၊ မှော်ဘီဆန် (မိုးသစ်) တစ်တင်းဝင်တစ်အိတ်လျှင် ကျပ်၆၉၀၀၀၊ ဆင်းသွယ် (မိုးသစ်) တစ်တင်းဝင်တစ်အိတ်လျှင် ကျပ်၆၆၀၀၀၊ ရိုးနီ (ရှယ်) တစ်တင်းတစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ သုခ ဆန် (မိုးသစ်) တစ်တင်းဝင်တစ်အိတ်လျှင် ကျပ်၆၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

        ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ယခင်ဒီဇင်ဘာလ တတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုသိပ်မရှိဘဲ ကြက်သွန်နီအသစ်များပေါ်ထွက်လာပြီဖြစ်သောကြောင့် ကြက်သွန်နီအဟောင်းဈေးနှုန်းမှာ အနည်းငယ်ပြန်ကျပြီး ဆန်ဈေးနှုန်းမှာ ယခင်ပတ်ထက် ကျပ် (၂၀၀၀-၃၀၀၀) အထိမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)