Main menu

ပြည်ကုန်စိမ်းဈေးကွက်အခြေအနေ

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် ပြည်ကုန်စိမ်းဈေးကွက်အတွင်းသို့ အောင်ပန်းမှ ကုန်စိမ်းကားအဝင် (၁) ရက်ခြားရှိ၍ ပြည်မြို့အနီးနားရှိ မှော်ဇာ၊ ဝက်ပုတ်၊ အင်းမမှလည်း ပြည်သို့တင်ပို့မှုရှိပြီး ရန်ကုန်ဒေသထွက် ကုန်စိမ်းသီးနှံများကိုမူ  သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်းသိရပါသည်။ ပွင့်လင်းရာသီဖြစ်သောကြောင့် ဟင်းသီးဟင်းရွက်၊ အသီးအနှံပေါများနေသော်လည်း သယ်ယူပို့ဆောင်ခစရိတ်ကြီးမြင့်သောကြောင့် ဈေးနှုန်းများမှာ ယမန်နှစ်များကဲ့သို့ အနည်းငယ်မျှ ဈေးချိုခဲ့ခြင်းမရှိပေ။ ပြည်မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းလက်ကားလက်လီဒိုင်ကြီးမှ ကောက်ယူရရှိသော ကုန်စိမ်းဈေးနှုန်းများမှာ ဂေါ်ရခါးညွန့် (၁) စည်းလျှင် ၈၀၀ကျပ်၊ ရေမုံညင်း (သို့) ထိုင်ဝမ်မုံညင်း (အကြီး) (၁) စည်းလျှင် ၃၀၀ကျပ်၊ (အသေး) ၂၅၀ကျပ်၊ ကိုက်လန် (၁) စည်းလျှင် ၈၀၀ကျပ်၊ ယိုးဒယားမုန်လာဥနီ (၁)ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြာစွယ် (၁၀) ကျပ်သားလျှင် ၁၈၀၀ကျပ်၊ ဘေဘီပြောင်းဖူး၁တွဲလျှင် ၂၀၀ ၏ကျပ်၊ မုံညင်းစိမ်း (၂၅) ကျပ်သားလျှင် ၅၀၀ ကျပ်၊ ဂေါ်ဖီထုပ်အချောတစ်ထုပ်လျှင် ၁၅၀၀ကျပ်၊ ပန်းဂေါ်ဖီ (ချော) တစ်ထုပ်လျှင် ၆၀၀ကျပ်၊ ရွှေပဲ (၁၀) ကျပ်သားလျှင် ၁၂၀၀ကျပ်၊ ဗိုလ်စားပဲ (၁၀) ကျပ်သားလျှင် ၃၀၀ကျပ်၊ ငရုတ်ပွ (၁၀) ကျပ်သားလျှင် ၆၀၀ကျပ်၊ ဂေါ်ရခါးသီး (၁) လုံးလျှင် ၂၅၀ကျပ်၊ ဒေသထွက်ခရမ်းချဉ်သီး (၁) ပိဿာလျှင် ၁၂၀၀ကျပ်၊ ရှမ်းခရမ်းချဉ် သီး (၁) ပိဿာလျှင် ၁၂၀၀ကျပ်၊ ဗမာခရမ်းချဉ်သီး (၁) ပိဿာလျှင် ၂၀၀၀ကျပ်၊ ခရမ်းသီး (၁) လုံးကြီးလျှင် ၁၅၀ကျပ်၊ အလတ် ၁၀၀ကျပ်၊ ပန်းဂေါ်ဖီအစိမ်းတစ်ထုပ်လျှင် ၁၅၀၀ကျပ်၊ သကြားပြောင်း (၁)ဖူးလျှင် ၅၀၀ကျပ်၊ ငြုပ်နီ (၁၀) ကျပ်သားလျှင် ၅၀၀ကျပ်၊ တရုတ်နံနံ (၁) စည်းလျှင် ၆၀၀ကျပ်၊ ရှမ်းကိုက်လန် (၁) စည်းလျှင် ၁၀၀ကျပ်၊ ပဒဲကော (၁၀) ကျပ်သားလျှင် ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး (၁) လုံးလျှင် ၂၅၀ကျပ်နှင့် ပီနံစစ်စစ် (၁) ပိဿာလျှင် ၈၀၀၀ကျပ်ဈေးနှုန်းတို့ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)