Main menu

ပြောင်းဖူးများ ပြည်ဈေးကွက်မှာ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

   ပြည်မြို့ရဲ့ သစ်သီးဝလံရောင်းဝယ်မှုဈေးကွက်မှာ ဟင်းအမယ်အဖြစ်လည်း စားလို့ရသလို သားရေစာအဖြစ်လည်း စားသုံးလို့ရတဲ့ပြောင်းဖူးများကတော့ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြောင်းဖူးစိမ်းများအား ဈေးများသို့ ပြည်အနီးဒေသများဖြစ်သော ဆင်မြီးဆွဲ၊ မှော်ဇာကျေးရွာများမှ ဝင်ရောက်ကြပြီး ပြောင်းဖူးဖုတ်ရောင်းချသူများနှင့် ပြောင်းဖူးအစိမ်း ရောင်းချသူများက ဝယ်ယူကြပြီးတစ်ဆင့် ပြန်လည်ရောင်းချကြောင်း သိရပါသည်။ မိုးရာသီကာလက ပြောင်းဖူးများ ဈေးကွက်အတွင်း ပေါများလှသလို ယခုလိုကာလတွင်လည်း စုတ်တက်စနစ်ဖြင့် စိုက်ပျိုးသော ပြောင်းဖူးများ တစ်ခင်းပြီး တစ်ခင်းထွက်ရှိလာကြသည့်အတွက် ဈေးကွက်အတွင်း ပြောင်းဖူးသီးနှံသည် ရာသီမရွေး ဝယ်ယူစားသုံးနိုင်ကြကာ ပြောင်းဖူးဈေးနှုန်းအနေဖြင့် တစ်ဖူးလျှင် ၄၀၀/၅၀၀ကျပ်အထိ ဝယ်ယူစားသုံးကြရကာ အရွယ်အစားလိုက်၍ ဈေးကွာခြားမှုများ ရှိကြတာကိုလည်း တွေ့ရပါသည်။

DOCA(ပဲခူး)