Main menu

စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

Powered by Drupal

    ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများဝယ်ယူရာ၌ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ် ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ၁ပိဿာလျှင် ၆၀၉၀ကျပ်  ဈေးနှုန်းဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်အပါအဝင် အခြားဆီကန်များမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း နေ့စဉ်ထုတ် ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)