Main menu

ကျောက်မြောင်းဈေးအတွင်းရှိ အသင့်သောက်အချိုရည်များအား စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၁၂-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးအတွင်းရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်ညွှန်းအမှတ် အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများသည် အသင့်သောက် အချိုရည်များကိုအဓိကထား၍ စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ရာ ကျောက်မြောင်းဈေးအတွင်းရှိ အချိုရည်အမျိုးမျိုးမှာ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၈)၊ ပုဒ်မ (၄၁) ရှိ (ခ) နှင့် (ဆ)ပါ  ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)