ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးနေမှုအခြေအနေများအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်း (၁၀:၃၀) နာရီအချိန်တွင် မကျီးကန်ရပ်ကွက်ပိုင် ကွင်းအမှတ် (၂၉၃)၊ လာပကိန်းကွင်း ဦးပိုင်အမှတ် (၇/၄) တောင်သူဦးငွေသိန်း၏ လယ်ယာမြေ (၁၀) ဧကနှင့် ကမ္မနိုင်ကျေးရွာ၊ မဝန်းကျေးရွာများမှ နွေစပါးစိုက်တောင်သူတို့အား သွားရောက်ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရပါသည်။
ထိုသို့ ဆောင်းသီးနှံ နွေစပါးစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးရာတွင် ခေတ္တမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့က ကော့မှူး မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံဧက (၁၅၆၈၇) ဧကလျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ ၎င်းကဲ့သို့ နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရန်အတွက် (စပါးမျိုးစေ့ချကိရိယာ)အသုံးခြင်း၏ အကျိုးကျေးဇူးများဖြစ်သော မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးထား၍ မြေဩဇာအာဟာရများကို ညီညွတ်စွာစားသုံးနိုင်ပြီး ထွက်နှုန်းတိုးစေခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ စုပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီးနောက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသခံတောင်သူများကို သီးနှံအထွက်နှုန်း တိုးပွားစေရန်နှင့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားဆွေးနွေးအသိပညာပေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)