Main menu

ချောက်မြို့၊ စက်မှုလက်မှုသိပ္ပံကျောင်း၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာရောင်းချလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ချောက်) မှ ဆရာ/ ဆရာမနှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးရည်ရွယ်၍ (၁-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အမှတ် (၁၅) ရပ်ကွက်၊ တိုးချဲ့ရပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)ကျောင်းဝန်းအတွင်း၌ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

  အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ချောက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် ကျပ်(၈၀၀၀)နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၅၀၀)နှုန်းဖြင့်လည်းကောင်း သက်သာသောစျေးနှုန်းတို့ဖြင့် ဆရာ/ ဆရာမနှင့် ဝန်ထမ်းဦးရေ (၁၅၀)ဦး၊ အိမ်ထောင်စု (၅၅)စုအားရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါရောင်းချခြင်းကို ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က ကြီးကြပ်ကွပ်ကဲရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)