စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၏ဦးဆောင်မှုဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်၊ ဦးလှသိန်းလမ်းရှိ “ပွင့်သစ်စ” ခေါက်ဆွဲဖိုလုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
“ပွင့်သစ်စ” ခေါက်ဆွဲဖိုလုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး ဆန်ကွဲဖြင့် အဓိကထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့ထုတ်လုပ်ရာ၌ ဆန်ကွဲအိတ် (၈၀) အသုံးပြုရပြီး မုန့်ပိဿာချိန် (၅၀၀၀) ပိဿာကို နေ့စဉ် ထုတ်လုပ်လျက်ရှိပါသည်။ မုန့် (၁)ပိဿာလျှင် (၁၆၀၀) ကျပ်ပေးရပြီး ဖောက်သည်ဈေးနှုန်းအနေဖြင့် (၁၄၀၀) ကျပ်ပေးရကြောင်း၊ လုပ်သားဦးရေ (၃၈) ဦးရှိပြီး နေ့/ည စသည်ဖြင့် အလှည့်ကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားတစ်ဦးလျှင် နေ့စားခ တစ်သောင်းကျပ်ပေးရပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းအပြင် ၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်ကျွန်း၊ ကျိုက်ပိမြို့နယ်များသို့ ရောင်းချပေးလျက်ရှိပါသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံကလည်း ထုတ်လုပ်သောကုန်စည်နှင့်ပက်သက်၍ ကုန်စည်အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး ဈေးနှုန်းဈေးကွက်အခြေအနေများပြည့်မီ မှန်ကန်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဓာတုဆေးဝါးများ (ဖော်မလင်) များကိုသုံးစွဲမှုမရှိစေရေး ဆွေးနွေးခဲ့မှုများကို သိရှိရပါသည်။
DOCA(ဧရာဝတီ)