Main menu

ဘိုကလေးမြို့နယ်ရှိ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်  ခရိုင်ဆီကုန်သည်ဥက္ကဋ္ဌနှင့်  ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊   ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကုန်မျိုးစုံလုပ်ငန်းရှင်(၂၆)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ 

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်  အခွင့်အ‌ရေးများ၊  လုပ်ငန်းရှင်များက မိမိတို့ဖြန့်ဖြူးသော  ကုန်စည်များ၏တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ပုဇွန်တံဆိပ်ပါ ချိတ်ပိတ်ဘူးဆီများကို ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပြီး၊ မြို့နယ်တာဝန်ခံက စားသုံးဆီများအား ရည်ညွှန်းဈေးဖြင့်ရောင်းချပေးရန်၊ ပဲရော/   နှမ်းရောဆီများမှာ ဈေးကွက်တွင်မရှိကြောင်း၊ ချိတ်ပိတ်ဘူးဆီများနှင့်ပတ်သက်၍ FDA ၏ ထောက်ခံ ချက်ပါရှိရမည်ဖြစ်ပြီး ကုန်အညွှန်းများကိုကြည့်လျှင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ဘူးဆီများကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချကြရန်နှင့် မြို့နယ်များတွင်လည်း ကုန်ဈေးနှုန်းကျဆင်းရေးတည်ငြိမ်ရေးအတွက်  အဖွဲ့များဖွဲစည်းထားကြောင်း၊ တရားမဝင်ကုန်စည်များနှင့်ပတ်သက်၍ ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)