Main menu

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ စက်မှုဇုံအတွင်းရှိ ခိုင်ဖြိုးကျော်အဆင့်မြင့်ဆန်စက်အား ကြည့်ရှုစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊    ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စက်မှုဇုံအတွင်းရှိ Paddy Star Co.Ltd ၏ ခိုင်ဖြိုးကျော်အဆင့်မြင့်ဆန်စက်သို့ (၇-၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင်ရောက်ရှိခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးနှင့်အတူ      စားသုံးသူရေးရာဦးစီးဌာန၊       ခေတ္တညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်လှိုင်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်တို့အား မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆန်စက်ဧည့်ခန်းဆောင်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဆန်စက်လုပ်ငန်းရှင် ဦးဇော်မျိုးကြည်သည် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့ခြင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးက လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ပြီးနောက် ဆန်စက်၏ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့မှုများကို အဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ထင်းအစားထိုး စပါးခွံလောင်စာတောင့်စက်ရုံသို့ ဆက်လက်ကြည့်ရှုခဲ့ပြီး စပါးခွံလောင်စာတောင့်ထုတ်လုပ်မှု၊ တင်ပို့မှု၊     ဈေးနှုန်းဈေးကွက်အခြေအနေများကိုမေးမြန်းခဲ့ပြီး    နေ့လယ် (၁၅း၄၅) နာရီအချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)