Main menu

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်မည်သူမဆို ပုဒ်မ(၆၇)၊ (၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်ကြောင်း အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီးနောက် လက်ရှိရောင်းဝယ်နေသော ကုန်စည်များနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ရောင်းဝယ်ကြရန်နှင့် အလေးတင်းတောင်းမှန်မှန်ကန်ကန်ချင်တွယ်ဝယ်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မုန့်မျိုးစုံလုပ်ငန်းရှင် (၄၈)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)