Main menu

မြောင်းမြခရိုင်၊ လပတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်စုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်  လပတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌ရောင်းချနေသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Max Plus အချိုရည်ဘူးများ၊ Non-Stop အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဋ္ဌာန်းချက်များအနက် ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော  ဥပဒေညွှန်ကြားချက်များကို   လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနအနေဖြင့် ဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်းများသိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)