Main menu

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန် ပေးလျက်ရှိပါသည်။

   စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်(၂၇၆၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင်( ၂၈၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၆၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင်(၂၆၆၅)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

    ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်(၂၈၄၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင်(၂၉၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင်(၂၆၉၅)ကျပ်ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၈၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင်(၈၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၃၀)ကျပ် ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်းနှင့် ဒီဇယ်(ရိုးရိုး)ကတော့ ယခင်အပတ်ထက် တစ်လီတာလျှင်(၁၅)ကျပ် ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)