Main menu

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဈေးတာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌(၂၀.၁. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ဈေးတာဝန်ခံရုံးတွင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးဆီ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက် များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

      ထို့သို့ဟောပြောဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၉)ဦးတက်ရောက်ပြီး၊ မြို့နယ်တာဝန်ခံ မှဟင်းသီးဟင်းရွက်ဆီ Vegetable Oil, Cooking Oil နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော် ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်သွားရန် (၂၀.၁၂.၂၀၂၁)ရက်နေ့ ညွှန်ကြား ချက်အမှတ်(၁/၂၀၂၁)ဖြင့် ဈေးကွက်အတွင်း အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ Vegetable Oil, Cooking Oil  ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရ၍ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိ စေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်း ချနေသည့် ဟင်းသီးဟင်းရွက်ဆီ Vegetable Oil, Cooking Oil  အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိုး အမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစား တို့အား မြန်မာ့ အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း ဤညွှန်ကြားချက်သည် (၂၀.၁၂.၂၀၂၁)နေ့မှ ထုတ်ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့် နေ့ရက်မှစတင်၍ အာဏာသက်ရောက်မည်ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွား ရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင်ရွက် ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(AYA)