Main menu

ဆိပ်ဖြူမြို့၌ ဇန်နဝါရီလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

        မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်း များကို နေစဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ဆိပ်ဖြူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၁)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၂၆၀၀)၊ ဓါတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၂၇၀၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၄၈၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၅၃၀)ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ (ပထမပတ်)တွင် ဓါတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၂၅၈၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၂၆၈၀)၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ကျပ်(၂၃၆၅)၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၄၅၀)ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဓါတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၂၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၂၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၁၂၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၈၀)ဖြင့် ဈေးနှုန်းအသီးသီး ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)