Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသထွက်နှမ်းမျိုးစုံ ဈေးကောင်းလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်နှင့် ဂန့်ဂေါခရိုင်တို့တွင် နှမ်းမျိုးစုံကို သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော နှမ်းအမျိုးအစာများမှာ နှမ်းဝါ၊နှမ်းနီ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူနှင့် စမုံနှမ်းနက်တို့ဖြစ်ပြီး ၎င်းတို့ကို ပခုက္ကူမြို့နယ်၊ ကံတော်၊ ကံလှ၊ တွင်းမ၊ ဒဟက်ခြောက်၊ အိုးရင့်ခြောက်တောင်း၊ ကျွဲတဲ၊ ပန်းတိုင်းခြုံရွာများတွင် စိုက်ပျိုးကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေးအချက်အချာကြပြီး နယ်ပေါင်းစုံမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော နှမ်းအမျိုးအစာများမှာ နှမ်းနက်စမုံ(ရှယ်)၊ နှမ်းစမုံ(ရိုးရိုး)၊ နှမ်းနက်(ဂွ)၊ နှမ်းဝါ၊ နှမ်းညိုတို့ဖြစ်ပြီး ယခုအပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ နှမ်းနက်စမုံ (ရိုးရိုး) တစ်တင်းလျှင် ကျပ်(၉၀၀၀၀မှ ၁၁၇၀၀၀)၊ နှမ်းနက်စမုံ (ရှယ်) တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ နှမ်းနက်(ဂွ)တစ်တင်းလျှင် ကျပ်(၁၀၂၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၀၈၀၀၀)နှင့် နှမ်းဝါ(ပြင်)တစ်တင်းလျှင် ကျပ်(၉၄၀၀၀)ဖြစ်ပြီး စုစုပေါင်းအရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ (၄၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)