Main menu

တောင်ငူမြို့၏ အသင့်စားအာဗြဲခြောက်

Powered by Drupal

    တောင်ငူမြို့၊ ငါးခြောက်ဆိုင်များတွင်ရောင်းချနေသော အာဗြဲခြောက်များသည် လူကြိုက်များသော ငါးခြောက်တစ်မျိုးဖြစ်သည်။ အရသာမချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။

      အာဗြဲခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀၀ကျပ်၊ အလတ် ၂၈၀၀၀ကျပ်နှင့် အကြီး ၃၅၀၀၀ကျပ်ရှိပါသည်။

  အသင့်စားအာဗြဲခြောက်ထုပ်များပြုလုပ်၍ ရောင်းချသည်များလည်းရှိပါသည်။ အသင့်စားအာဗြဲခြောက်ပြုလုပ်ရာတွင် အာဗြဲခြောက်ကို အမြီးညှပ်၊ ခေါင်းဖြတ်သန့်စင်ပြီးနောက် အနည်းငယ်ထုထောင်း၍ မီးကင်စက်ဖြင့် ကင်ရပါသည်။ ၎င်းနောက် မီးကင်စက်မှချကာ နောက်တစ်ကြိမ်ထပ်မံထုထောင်း၍ တစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)