Main menu

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ ထုတ်ကုန်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြပါရှိခြင်း ရှိ/မရှိနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးအောင်နှင့် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် ဝက်လက်မြို့ အမှတ်(၁)ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းများတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိနှင့် အမှတ်(၂)ရပ်ကွက်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် စံမမီဆေးဝါးများရောင်းချခြင်း ရှိ၊မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       စစ်ဆေးရာတွင် အမှတ်(၁)ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းရှင်ထံသို့ ကွင်းဆင်း၍ ထုတ်ကုန်များတွင် ဖော်ပြပါရှိရမည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထုတ်လုပ်ရောင်းချမှုရှိ/မရှိ သတ်မှတ် လိုင်စင်များရှိ/မရှိ စစ်ဆေးဆောင်ရွက်ရာ လိုအပ်ချက်များအပေါ်ဖြည့်စွက် လုပ်ဆောင်နိုင်ရေး လမ်းညွှန်မှာကြား၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်  စားသုံးသူများဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကို  ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့အနေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ FDA မှတားမြစ်ထားသော စံမမီ ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ရာ တားမြစ်ထားသော စံမမီ ဆေးဝါးများ ရောင်းချနေမှုမရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါဆေးဝါးများသည် သုံးစွဲရန်မသင့်သော စံမမီဆေးဝါးများဖြစ်၍ စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ဈေးကွက်အတွင်းသို့ မှာယူရောင်းချမှုမပြုရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး