Main menu

မိတ္ထီလာခရိုင်အတွင်း မြို့နယ်အလိုက် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

Powered by Drupal

   မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်လေးမြို့နယ်တွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄) ရပ်ကွက်တွင် အပတ်စဉ်သောကြာနေ့တိုင်း လှည့်လည်၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် မနောသုခ ဆန်တစ်ပြည် (၂၇၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၅၅၀၀) ကျပ်၊ ဝက်သားအရိုးပါ တစ်ပိဿာ (၁၅၅၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာ (၇၅၀၀) ကျပ်၊ ငါးတန် တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၇၅၀၀) ကျပ်၊ ရေချိုပုဇွန် တစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံး (၂၀၀) ကျပ်တို့ဖြင့် အသီးသီးရောင်းချခဲ့ကြောင်း သိရပါသည်။

   သာစည်မြို့နယ်တွင် ၊ မလှိုင်မြို့နယ် ၊ ဝမ်းတွင်းမြို့နယ်များတွင်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ရောင်းချပေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)