Main menu

“ အခက်အခဲများကြားမှ ရှေ့ဆက်နေသော SME လုပ်ငန်း”

Powered by Drupal

   စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၁.၂၀၂၄) ရက်နေ့၌ မလှိုင်မြို့နယ် ၊ ရပ်ကွက်ကြီး (၂) ၊ မြို့ဦး ကွက်သစ်ရှိ ရွှေပြည်သစ်ဆန်ခေါက်ဆွဲလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

   အဆိုပါလုပ်ငန်းရှင်မှ ရွှေပြည်သစ်ဆန်ခေါက်ဆွဲလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး ဆန်ခေါက်ဆွဲကို ရှမ်းအဖွယ်နှင့် ရှမ်းအစီးဟူ၍ (၂) မျိုးထုတ်လုပ်ရောင်းချခဲ့ပြီး ရှမ်းအဖွယ်ကိုသာ အဓိကထားထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ယခင်ကဆန် ၁ အိတ် (၅၀၀၀၀)ကျပ်ခန့်ရှိပြီး တစ်ရက်လျှင် လုပ်သား (၅) ဦးခန့်ဖြင့် ဆန် ၃အိတ်မှ ၄ အိတ်အထိ ကြိတ်ခွဲထုတ်လုပ်ခဲ့ပြီး ယခုအခါ ဆန် ၁အိတ်(၈၀၀၀၀)ကျပ်ခန့်ဖြင့် လုပ်သား(၂)ဦး၊မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် ဆန်(၂)ခန့်သာ ကြိတ်ခွဲ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ခေါက်ဆွဲအစိုများကို မလှိုင်မြို့နယ် အတွင်းရှိ ဆိုင်များသာမက မြင်းခြံ၊မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးစသည့်မြို့များကိုလည်း ဖြန့်ဖြူးရောင်းချနေကြောင်း၊ ခေါက်ဆွဲခြောက်အား ချောက်နှင့် ကျောက်ပန်းတောင်းမြို့များသို့ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  ယခင်က ဆန်ခေါက်ဆွဲအစို ၁ ပိဿာ (၁၂၀၀)ကျပ် ၊ ခေါက်ဆွဲအခြောက် ၁ ပိဿာ (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး၊ ယခုလျှင် ဆန်ခေါက်ဆွဲအစို ၁ ပိဿာ (၂၇၀၀)ကျပ် ၊ ခေါက်ဆွဲအခြောက် ၁ ပိဿာ (၄၅၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ရွှေပြည်သစ်ဆန်ခေါက်ဆွဲလုပ်ငန်းကို အောင်မြင်မှုများရရှိအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)