Main menu

မုဒုံမြို့တွင် ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

     မွန်ပြည်နယ် ဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် စားအုန်းဆီများကို ၉.၁.၂၀၂၄ ရက်နေ့က သက်သာဈေးနှုန်းဖြင့် မုဒုံမြို့နယ်ရှိ ဦးကြိုင်းပွဲရုံ၌ ရောင်းချပေးခဲ့သည်။

    ထိုသို့ ရောင်းချနေမှုကို စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ၊ မုဒုံမြို့နယ် မြို့မရဲစခန်းမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မုဒုံမြို့ပေါ်ရှိ ရပ်ကွက်(၄)ခုမှ ပြည်သူများအား စားအုန်းဆီ တစ်ပိဿာလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၂၂၀၀) ရောင်းချပေးခဲ့သည်။

  ယင်းသို့ ဖြန့်ဖြူးရောင်းချပေးသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်သဖြင့် နေ့စဉ်လူမှုဘဝအား အထောက်အပံ့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)