Main menu

(၁၂)ရာသီနှစ်ရှည်ပင် ရွှေပန်းလုပ်ငန်း

Powered by Drupal

   မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း-ရေတာရှည်ကျေးရွာတွင် (၁၂)ရာသီနှစ်ရှည်ပင် ရွှေပန်းစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ရွှေပန်းအား နှစ်ရှည်ပင်လို့ ခေါ်ဆိုရခြင်းမှာ ဥမှပွား၍ ရာသီဥတုမရွေး စိုက်ပျိုးနိုင်ခြင်းကြောင့် (၁၂)ရာသီနှစ်ရှည်ပင်လို့ ခေါ်ဆိုရခြင်းဖြစ်ပါသည်။ ရွှေပန်းကို တစ်ဦးလျှင် ဧကဝက် စိုက်ပျိုးကြပြီး ရေတာရှည် ကျေးရွာတွင် (၁၀)ဧကခန့် စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်ကို မှော်ဘီမြို့နယ် (၁၆)မှတ်တိုင်တွင် အရောင်းဒိုင်ဖွင့်၍ ရန်ကုန်မြို့နှင့် အခြားနီးစပ်ရာဒေသများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ အပွင့်ရေ (၈၅)ပွင့်ပါ တစ်စီးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(ရန်ကုန်)