Main menu

မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

Powered by Drupal

   မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်/ဘဲဈေးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ် (၁၆၀၀၀/၁၇၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ်(၄၆၀၀/၄၇၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ ပိဿာလျှင် ကျပ် (၅၅၀၀ / ၉၅၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀ / ၁၀၀၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ ပိဿာလျှင် ၅၅၀၀/၆၀၀၀ ကျပ်တို့ဖင့် ကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။  

   အဆိုပါ ဈေးနှုန်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၏ ပထမပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အိမ်မွေးကြက်/ မွေးမြူရေးကြက်(ထီး/မ) /ဘဲဈေးနှုန်းများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိ၊ အသားတိုးကြက်သား ၁ ပိဿာလျှင် ၆၀၀ ကျပ် ဈေးကျခဲ့ပြီး၊ ဈေးနှုန်း အတက်/အကျပြောင်းလဲခြင်းသည်  ကုန်ပစ္စည်းအဝင်နှင့် ဝယ်လိုအားပေါ်မူတည်နေကြောင်း  ကြက်/ဘဲဈေးတာဝန်ခံထံမှ  သိရှိရပါသည်။

DOCA(ရန်ကုန်)