Main menu

“ ကော့မှူးမြို့နယ်၌ မိုးစပါးဧက ၈၈၀၉၉ ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအခြေအနေ ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ခင်း သီးနှံများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် သီးထပ်၊ သီးညှပ်ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နိုဝင်ဘာလ ဒုတိယပတ်မှစပြီး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက စုစုပေါင်း ၈၈၀၉၉အား ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ကြောင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရပါသည်။

   ကော့မှူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ် မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် ရည်ရွယ်၍ ဒေသခံတောင်သူများက တစ်မြို့လုံးမိုးစပါးသီးနှံစိုက်ဧက ၈၈၀၉၉ အား စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများအဓိကစိုက်ပျိုးသည့်သီးနှံများမှာ ရက်(၉၀) ၈၆၅၈ ဧက၊ ဇီယာ ၉၉၉ ဧက၊ ဧည့်မထ (အထွက်ကောင်း) ၁၉၅ ဧက၊ ငစိန် ၃၃၈၄၀ ဧက၊ ဖြီးဒုံး ၂၁၆၅၅ ဧက၊ ငကျွဲ (တောင်ပျံ) ၁၉၈၀၂ ဧက၊ ကောက်ညှင်း ၈၂၄ ဧကစသည့် စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရပါသည်။

    ယခုအခါ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများမှ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်သလို ဒေသခံတောင်သူများက သီးထပ်၊ သီးညှပ် ဆောင်းသီးနှံများဖြစ်သော နွေစပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှံစားပြောင်း၊ ပန်းအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလ ဒုတိယပတ်မှစတင်ပြီး ရိတ်သိမ်းခြွေ လှေ့စက်များ ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါး စိုက်ဧက ၈၈၀၉၉ဧက အားလုံးရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ရာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ ၆၆.၆၁ တင်းခန့်ထွက်ရှိကြောင်း ကော့မှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရပါသည်။

DOCA(ရန်ကုန်)