Main menu

ကန့်ဘလူခရိုင်ဦးစီးမှူးရုံးတွင် မြေအောက်ရေတင်စနစ်ဖြင့် စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိခြင်း

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်၊ ခရိုင်ဦးစီးမှူး၏ညွှန်ကြားကြီးကြပ်မှုတို့ဖြင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက်  ဆောင်းရာသီစားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြောင်းသိရှိပါသည်။

    ထိုသို့ စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားရှိရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ဆောင်းရာသီသီးနှံများဖြစ်သည့် မုန်ညှင်းပင်၊ ကိုက်လန်ပင်၊ နံနံပင်၊ စမိတ်ပင်၊ ဆလပ်ပင်၊ ခရမ်းကြွတ်သီးပင်၊ ချဉ်ပေါင်ပင်၊ ကြက်သွန်နီပင်၊ ကြက်သွန်ဖြူပင်၊ ဖရုံပင်၊ ဘူးပင်၊ ကျောက်ဖရုံပင်၊ မေမြို့ပန်းပင်နှင့် ကန်စွန်းပင်များကို မြေအောက်ရေတင်စနစ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးထားရှိကာ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသုံးစွဲခြင်းမရှိသောကြောင့် ဘေးအန္တရာယ်ကင်းရှင်း၍ လတ်လတ်ဆတ်ဆတ်ရှိသော ဟင်းသီးဟင်းရွက်များကို ခူးဆွတ်စားသုံးရပြီး  ဝန်ထမ်းမိသားစုဝင်များ၏ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးအတွင်းရှိ အခြားဌာနဝန်ထမ်းမိသားစုများကိုလည်း ပေးကမ်းဝေငှခြင်းများလည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ကန့်ဘလူခရိုင်ဦးစီးမှူးရုံးဝန်ထမ်းမိသားစုများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးရသော စားဖိုဆောင်သီးနှံမျာကိုလည်း တစ်နိုင်တစ်ပိုင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)