Main menu

မကွေးမြို့ရှိကျောင်းများ၌ ဈေးနှုန်းသက်သာစွာ အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များရောင်းချပေး

Powered by Drupal

  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တက္ကသိုလ်/ ကောလိပ်ကျောင်းများ၌ အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ (၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ရှိ မကွေးတက္ကသိုလ်/ ပညာရေးကောလိပ်/ ကွန်ပျူတာတက္ကသိုလ်/ ဆေးတက္ကသိုလ်/ နည်းပညာတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းများသို့ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား မော်တော်ယာဉ်များဖြင့်သယ်ယူ၍ စျေးနှုန်းချိုသာစွာသွားရောက်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ရောင်းချပေးနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကာ စီးပွားရေးရာဝန်ကြီးက တက္ကသိုလ်များရှိ အဆောင်နေကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအား သက်သာသောစျေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးနိုင်ရေး အသားငါး/ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များသန့်ရှင်းလတ်ဆက်မှုရှိစေရေးနှင့် အခြားစားသောက်ကုန်များအမယ်စုံများ လာရောက်ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)