Main menu

မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန်အတွက် မျိုးစေ့များပံ့ပိုးခြင်းနှင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း

Powered by Drupal

   ၉.၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် နွေစပါးများ စိုက်ပျိုးရာသီတွင် စိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာမိတ်ဆက်ဌာနများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက် (၃၀၀) ဧက၊ တင်း (၁၂၀) စံပြကွက်နှင့် စမ်းသပ်စံပြကွက်များ စိုက်ပျိုးကြမည့် ကျေးရွာများသို့ မျိုးစေ့များပံ့ပိုးပေးခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးကာ နွေစပါးများကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ တတိယအပတ်မှစ၍ စတင်စိုက်ပျိုးလျက်ရှိသည်။

   မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး စိုက်ဧက(၆၃၈)ဧကကို စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(မွန်)