Main menu

၂၀၂၃-၂၄ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ သကြားထုတ်လုပ်မှုလျော့ကျဖွယ်ရှိ

Powered by Drupal

   ထိုင်းနိုင်ငံ၌ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ၂၀၂၃-၂၄ ခုနှစ် အတွက် သကြားထုတ်လုပ်မှုမှာ ယခင်နှစ်ထုတ်လုပ်မှုအောက် ၂၅% အထိ လျော့ကျလျက် တန်ချိန် ၈ သန်းမှ ၈.၅ သန်းအတွင်းသာ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ထိုင်းစက်မှုဝန်ကြီးဌာန လက်အောက်ရှိ ကြံနှင့်သကြား ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (Office of Sugar and Cane Board) ၏အကြီးအကဲဖြစ်သူ Virit Viseshsinth က ၅-၁-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။

   အဆိုပါ ကြံနှင့်သကြား ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသည် စုစုပေါင်း သကြားတန်ချိန် ၁၁.၀၅ သန်းထုတ်လုပ်ထားရှိမှုမှ တန်ချိန် ၇.၆၄ သန်း ကို ပြည်ပသို့ တင်ပို့ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

Source: Hellenics Shipping News , 6 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)