Main menu

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

          ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြဝတီခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု  စက် ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းခန်းမတွင် ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်း များသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ သင်တန်း တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ကလည်း အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ကြပါသည်။  

         မြဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးသိကောင်း စရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက နစ်နာမှုနှင့်စပ်လျဉ်း၍ အရေးဆိုတိုင်ကြားနိုင်သည့် ကိစ္စရပ်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းသူများမှလည်း သိလို သည်များကိုမေးမြန်းခဲ့၍ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို ၁၅း၃၀ နာရီအချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)