Main menu

သရက်မြို့ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ကြောင်လျှာဆံဈေးနှုန်း/ဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အမှတ်(၁)၊ အမှတ်(၈)ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကိုးပင်၊ မုဇ္ဇလီ၊ စမ်းအိုင့်၊ သီးကုန်း စသည့်ကျေးရွာများမှ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကြောင်လျှာသီးအခြောက်များ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

    ကြောင်လျှာသီးအခြောက်များတွင် အစိုဓာတ်များရှိနိုင်သေးသဖြင့် ထပ်မံအခြောက်ခံနေလှန်းပြီး ကြောင်လျှာဆံများထုတ်ယူရာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကြောင်လျှာသီး အခြောက်(၁) တောင့်လျှင် ကျပ်(၅၀)နှုန်းဖြင့်ဝယ်ယူပြီး အတောင့်ရေ (၇၀မှ၈၀) ခန့်ခွာယူလျှင် ကြောင်လျှာဆံတစ်ပိဿာရရှိကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၈၀၀၀)ဈေးနှုန်းဖြင့်ရောင်းချရကြောင်း၊ ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကြောင်လျှာသီးအခြောက် (၁)တောင့်လျှင် ကျပ် (၈၀မှ ၁၀၀)ထိ အတောင့်ကောင်းလျှင် ကောင်းသလိုပေးဝယ်ရပြီး အတောင့်ကောင်းလျှင် ကောင်းသလို အတောင့်ရေ(၇၀)ခန့်တွင် ကြောင်လျှာဆံတစ်ပိဿာခန့်ရရှိကြောင်း၊ ကြောင်လျှာဆံတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀) ဈေးနှုန်းရရှိကြောင်း ကြောင်လျှာဆံများကို မြို့ပေါ်ရှိပွဲရုံများသို့ရောင်းချခြင်းတို့ဖြင့် မိသားစုတစ်နိုင်တစ်ပိုင်ဝင်‌‌ငွေရရှိကြောင်း ကြောင်လျှာဆံဝယ်ယူရောင်းချသူ ကိုးပင်ကျေးရွာနေ ဒေါ်မြင့်မြင့်ဝင်းထံမှသိရှိရပါသည်။

DOCA(မကွေး)