ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၆၅၆၃၂၃ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၃% တိုးတက်လာကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) က ၅-၁-၂၀၂၄ ရက်၊ သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဆန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄၆ သန်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၁၃% တိုးလျက် နိုင်ငံပေါင်း ၆၁ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းနိုင်ငံများအနက် တရုတ်နိုင်ငံသည် ထိပ်ဆုံးအဆင့်တွင်ရှိကြောင်း၊ တင်ပို့သည့်ဆန်များ၌ ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဂျပွန်နီကာဆန်တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများသို့ ဆန်ပိုမို တင်ပို့ရန် မျှော်မှန်းထားကြောင်း၊ ကမ္ဘောဒီးယား - တရုတ် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်၊ ကမ္ဘောဒီးယား - ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်၊ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် ကမ္ဘောဒီးယား - ယူအေအီး ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တို့နှင့်အညီ ဆန်စပါးဈေးကွက် ဖွင့်လှစ်ရန်နှင့် ဈေးကွက်မြှင့်တင်ရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သော ဝန်ကြီးဌာန နှစ်ပတ်လည်အစည်းအဝေးတွင် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ပြောကြားခဲ့သည်။
Source: Khmer Times, 7 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)